ဝါးခယ်မမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု (၃၈.၅၁%) အောင်မြင်

ဝါးခယ်မ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို စာစစ်ဌာန (၁၅) ကျောင်းများတွင် ယနေ့နံနက် (၆) နာရီအချိန်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၇၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၇၉၉) ဦး အောင်မြင်ခဲ့ရာ (၃၈.၅၁%) အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါအောင်မြင်သူများတွင် (၆) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၅) ဘာသာရှင်ဂုဏ်ထူးရှင် (၅) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၃၄) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၇၈) ဦးစုစုပေါင်း (၁၃၁) ဦး ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြောင်းကို မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)