မော်လမြိုင်ကျွန်း ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု အောင်စာရင်းများကို ယနေ့နံနက်( ၆) နာရီက သက်ဆိုင်ရာ စာစစ်ဌာနများတွင် အောင်စာရင်းများ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသားကျောင်းသူစုစုပေါင်း ( ၁၇၃၃ ) ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ (၆၃၃)ဦး အောင်မြင်ခဲ့သည်။
အဆိုပါ အောင်မြင်သူများတွင် (၆)ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၇) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၈) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၂၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၆၅) ဦးစုစုပေါင်း (၁၀၈)ဦး ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်းနှင့် အောင်ချက်ရာခိုင်းနှုန်းမှာ (၃၆.၅၃)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)