ဧရာဝတီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာမှုများအား စုစည်းဖော်ပြအပ်ပါသည် -

အမာမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း ၄၃.၁၁ ရှိ

အမာမြို့နယ်တွင် မြို့နယ်တွင် အောင်စာရင်းများကို ထုတ်ပြန်ထားရှိရာ အမာအထကကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တယ်ပင်ဆိပ် အ..က ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ပြီး ကျောင်းသား(၁၃)ဦး၊ ကျောင်းသူ (၃၈)ဦး၊ စုစုပေါင်း(၅၁)ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း(၄၃.၁၁%) ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဓနုဖြူမြို့နယ်တွင် ၄၂၁ ဦး အောင်မြင် 

ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဓနုဖြူမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၉၈၃) ဦးရှိရာ၊ ဂုဏ်ထူးဖြင့်အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ()ဘာသာဂုဏ်ထူးရှင်()ဦး၊ ()ဘာသာဂုဏ်ထူးရှင်()ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ ()ဘာသာဂုဏ်ထူးရှင်(၄၄)ဦး ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး အောင်မြင်သူစုစုပေါင်း (၄၂၁) ဦး အောင်မြင်ကြောင်းနှင့် အောင်မြင်မှုရာနှုန်း(၄၂.၈၃) ရာနှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အောင်ပြည့်ဖြိုးဇော်

မအူပင်မြို့နယ်၌ အောင်ချက်ရာခိုင်နှုန်း ၅၉.၃ ရာခိုင်နှုန်းရှိ

မအူပင်မြို့နယ်၌ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန်ကပ်ထားကြေညာခဲ့ပြီး စာစစ်ဌာန (၁၀)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၁၉၈၅)ဦးရှိရာ အောင်မြင်သူဦးရေ (၈၉၃)ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း ၅၉.၃ ရာခိုင်နှုန်းဖြေဆိုအောင်မြင်ကြောင်းသိရသည်။ အောင်မြင်ခဲ့သူများအနက် (၆)ဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိ သူ(၁၂) ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၂၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၃၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၇၇)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)

ညောင်တုန်းမြို့နယ်၌ အောင်မြင်သူ ၅၁.၁၉ ဦးရှိ

ညောင်တုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာထားခဲ့ပြီး စာစစ်ဌာန(၁၁)ခုတွင် ဝင်ရောက်ဖြေဆိုသူ (၁၀၀၆)ဦးအနက် အောင်မြင်သူဦးရေ (၅၁၅) ဦးရှိရာ မြို့နယ်အဆင့် ၅၁.၁၉ရာခိုင်နှုန်းဖြေဆိုအောင်မြင်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် ညောင်တုန်းမြို့နယ်မှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၄) ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၁၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၂၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၅၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၄၂၃)ဦး စုစုပေါင်းအောင်မြင်သူ (၅၁၅)ဦးရှိပြီး ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသူ မြန်မာစာ (၆)ဦး၊ အင်္ဂလိပ်စာ (၁)ဦး၊ သင်္ချာ (၂၆)ဦး၊ ဓါတုဗေဒ (၄)ဦး၊ ရူပဗေဒ(၂၈)ဦး၊ ဇီဝဗေဒ(၁၀)ဦး၊ ဘောဂဗေဒ (၅၅)ဦး၊ ပထဝီဝင်(၁၄)ဦး နှင့် သမိုင်း(၁၂)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)

ဒေးဒရဲမြို့နယ်၌ အောင်ချက် ရာခိုင်နှုန်း ၄၉ ဒသမ ၀၉ ရှိ

ဒေးဒရဲမြို့နယ်တွင် စာစစ်ဌာန (၅) ခုရှိသည့်အနက် ကျောင်းသား (၄၃၂)ဦး၊ ကျောင်းသူ (၅၆၂)ဦး၊ စုစုပေါင်း (၉၉၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား (၁၆၀)ဦး၊ ကျောင်းသူ (၂၉၂)ဦး စုစုပေါင်း (၄၅၂)ဦး ဖြေဆိုအောင်မြင်ခဲ့ရာ၊() ဘာသာဂုဏ်ထူးရှင် ()ဦး၊  (၄)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၇)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၅၇)ဦး ထူးချွန်စွာအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၄၅.၄၇)နှင့် ၂၀၂၅- ၂၀၂၆ ခုနှစ်  စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတွင် စက်မှုဘာသာရပ် (မြို့ပြပုံဆွဲ)တွင် ကျောင်းသား (၁၃) ဦး၊ ကျောင်းသူ (၁၂)ဦး စုစုပေါင်း (၂၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ  ကျောင်းသား ()၊ ကျောင်းသူ (၁၁)ဦး ၊ (လျှပ်စစ်) ဘာသာရပ်တွင် ကျောင်းသား (၁၇)၊ ကျောင်းသူ () စုစုပေါင်း (၂၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ()ဦး၊ ကျောင်းသူ ()ဦး စုစုပေါင်း (၁၁)ဦး၊ စက်မှုဘာသာရပ်တွင် ကျောင်းသား (၂၂)ဦး၊ ကျောင်းသူ() စုစုပေါင်း ( ၂၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ()ဦး၊ ကျောင်းသူ ()ဦး စုစုပေါင်း (၁၀)ဦး ထူးချွန်စွာ အောင်မြင်ခဲ့ပြီး၊ စိုက်ပျိုးရေး ဘာသာရပ်တွင် ကျောင်းသား (၁၀)ဦး၊ ကျောင်းသူ (၁၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ()ဦး၊ ကျောင်းသူ ()ဦး အောင်မြင်ခဲ့ပြီး၊ မွေးမြူရေးဘာသာရပ်တွင် ကျောင်းသား ()ဦး၊ ကျောင်းသူ () ဦး စုစုပေါင်း (၁၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ()ဦး၊ ကျောင်းသူ ()ဦး ထူးချွန်စွာ အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၄၉.၉၀) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အေဇာလင်း

ဖျာပုံမြို့နယ်၌ ()ဘာသာဂုဏ်ထူး ရရှိသူ ()ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း (၄၆.၆၂%)ရှိ
 ဖျာပုံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၁)ခုတွင် ဝင်ရောက် ဖြေဆိုသူ (၁၇၆၈)ဦးရှိရာ အောင်မြင်သူဦးရေ (၇၇၂)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း (၄၆.၆၂%) ရှိကြောင်း၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖျာပုံမြို့နယ်မှ ()ဘာသာဂုဏ်ထူး ရရှိသူ() ဦး၊ () ဘာသာဂုဏ်ထူးရရှိသူ ()ဦး၊ ()ဘာသာဂုဏ်ထူးရရှိသူ(၁၁) ဦး၊ ()ဘာသာ ဂုဏ်ထူး ရရှိသူ (၂၄) ဦး၊ ()ဘာသာဂုဏ်ထူးရရှိသူ (၈၁)ဦးရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ ()ဦး၊အင်္ဂလိပ်စာ()၊ သင်္ချာ(၂၅)ဦး၊ ဓါတုဗေဒ()ဦး၊ရူပဗေဒ(၂၇)ဦး၊ ဇီဝဗေဒ(၁၃)ဦး၊ သမိုင်း()ဦး၊ ပထဝီဝင်(၁၀)ဦး၊  ဘောဂဗေဒ (၉၀)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းနိုင်

မြောင်းမြမြို့နယ်၌ အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၄၆ ရှိ

၂၀၂၆- ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ မြောင်းမြမြို့နယ် အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူစုစုပေါင်း (၂၀၅၆) ဦးရှိပြီး ကျောင်းသားကျောင်းသူ ( ၉၁၄)ဦး အောင်မြင်၍ အောင်ချက်ရာခိုင်နှုန်း (၄၄.၄၆ %) ရှိသည်။ အဆိုပါ အောင်မြင်သူများတွင် (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၂) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၃၁) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၀၂) ဦးစုစုပေါင်း (၁၅၈)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ရူပါ

အိမ်မဲမြို့နယ်၌ အောင်ချက် ၄၈ ရာခိုင်နှုန်းရှိ

အိမ်မဲမြို့နယ်၌   စာစစ်ဌာန ၁၀ ခုသတ်မှတ်ထားရှိခဲ့ပြီး ဖြေဆိုသူစာရင်းရှိ (၁၂၁၇)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၁၂၇)ဦး၊ အောင်မြင်သူ(၅၄၁)ဦးရှိကာ (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ () ဘာသာ ဂုဏ်ထူးရှင်()ဦး၊ ()ဘာသာဂုဏ်ထူးရှင်(၂၃)ဦး၊ ()ဘာသာဂုဏ်ထူးရှင်(၃၂)ဦး၊ ()ဘာသာ ဂုဏ်ထူးရှင်(၅၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၄၂၅)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် အောင်ချက်(၄၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချစ်သက်လယ်

မြန်အောင်မြို့နယ်၌ (၆) ဘာသာဂုဏ်ထူး ရရှိသူ (၁) ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း (၅၇.၇၀) ရာခိုင်နှုန်းရှိ

မြန်အောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၈)ခုတွင် ဝင်ရောက် ဖြေဆိုသူ(၈၄၄)ဦးရှိရာ အောင်မြင်သူဦးရေ (၄၈၇)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း (၅၇.၇၀) ရာခိုင်နှုန်းရှိကြောင်းနှင့် အောင်မြင်သူများအနက် (၆)ဘာသာဂုဏ်ထူးရရှိသူ(၁) ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ(၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၁၀)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၃၉)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၇၅)ဦးရှိပြီး ဘာသာရပ် အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ(၁၈)ဦး၊ အင်္ဂလိပ်စာ(၃)ဦး၊ သင်္ချာ(၅၁)ဦး၊ ဓါတုဗေဒ(၁၃) ဦး ၊ ရူပဗေဒ(၃၆)ဦး၊ ဇီဝဗေဒ(၂၆)ဦး၊ ပထဝီဝင် (၅၁)ဦး၊ သမိုင်း(၂၅)ဦး၊ ဘောဂဗေဒ(၆၇)ဦးရှိပြီး စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၅၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းဗိုလ်

ကြံခင်းမြို့နယ် အောင်ချက်ရာခိုင်နှုန်းမှာ ၆၅.၄၅ ရာခိုင်နှုန်းရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ စာစစ်ဌာန ၅ ခုတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၉၅ ဦးရှိကာ အောင်မြင်သူ ၃၂၄ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၅.၄၅ ရာခိုင်နှုန်းဖြင့် အောင်ခဲ့ ကြရာတွင် ဘာသာစုံဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း

ငပုတောမြို့နယ်၌   ၄၁ ဒသမ ၉၁ ရာခိုင်နှုန်းအောင်မြင်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန (၁၄)ခုတွင်ကျောင်းသား (၈၂၂)ဦး၊ ကျောင်းသူ (၂၀၈၂)ဦး၊ စုစုပေါင်း (၁၉၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာကျောင်းသား(၂၉၆)ဦး၊ ကျောင်းသူ (၅၀၂)ဦး စုစုပေါင်း (၇၉၈)ဦး ဖြေဆိုအောင်မြင်ခဲ့ရာ (၆)ဘာသာဂုဏ်ထူးရှင် (၁)‌ဦး၊ ၊(၅) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊  (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၉)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၆၀)ဦး ထူးချွန်စွာအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၄၁.၉၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်သူ(ပြန်/ဆက်)

ငါးသိုင်းချောင်းမြို့နယ်၌ ဂုဏ်ထူးရရှိသူ ၃၅ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၂.၆၆ ရာခိုင်နှုန်းရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ထုတ်ပြန်ထားခဲ့ရာ ငါးသိုင်းချောင်း မြို့အတွင်း၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၅၂.၆၆ ရာခိုင်နှုန်းရှိပြီး ဝင်ရောက် ဖြေဆိုသူစုစုပေါင်း ၂၀၇ ဦးရှိရာ ၁၀၉ ဦး အောင်မြင်ပြီး၊အောင်မြင်သူများအနက်  ၅ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၃၅ ဦးရှိပြီး မြို့၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၂.၆၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)

ကျိုက်လတ်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၅၄၃) ဦးရှိ၍ အောင်ချက် ရာခိုင်နှုန်း (၄၄.၉၁) ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို စာစစ်ဌာန () ခုမှ ဝင်ရောက်ဖြေဆိုသူ (၁၂၀၉) ဦးရှိပြီး အောင်မြင်သူ (၅၄၃) ဦး ရှိသဖြင့် (၄၄.၉၁) ရာခိုင်နှုန်းရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်စာရင်းရှိ(၁၃၃၈)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၂၀၉)ဦး၊ အောင်မြင်သူ (၅၄၃)ဦးရှိပြီး ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာ ဂုဏ်ထူးရှင် (၁၇)ဦး၊ ()ဘာသာ ဂုဏ်ထူးရှင် (၄၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၄၆၃)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးသိရသည်။

လှိုင်မင်းအောင်

ကျုံပျော်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၆၃၀ ဦး အောင်မြင်

ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၁)ခု ဖြင့် ဖွင့်လှစ်စစ်ဆေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၃၀၄)ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး (၆၃၀)ဦး အောင်မြင်ကာ (၆)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၆၁)ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် (၁၁၇)ဦး ထွက်ပေါ်ပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ(၁၁) ဦး၊ အင်္ဂလိပ်စာ (၇) ဦး၊ သင်္ချာ (၃၇) ဦး၊ ဓာတုဗေဒ(၂၄)ဦး၊ ရူပဗေဒ(၂၈)ဦး၊ ဇီဝဗေဒ၊ (၂၈) ဦး၊‌ဘောဂဗေဒ (၃၄)ဦး၊  ပထဝီ(၄၀) ဦး၊ သမိုင်း (၂၀) ဦးရရှိခဲ့ကြောင်း၊ စုစုပေါင်း အောင်ချက်ရာနှုန်း (၄၈.၃၁) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးတို့မှ သိရသည်။

မြို့နယ်ပြန်/ဆက်

ကျောင်းကုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း (၄၄.၁၄)ရှိ  

ကျောင်းကုန်းမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခု၌ ဖြေဆိုသူစုစုပေါင်း(၁၃၄၈)ဦးတွင် အောင် မြင်သူ (၅၉၅)ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၄.၁၄ ရှိပြီး အောင်မြင်သူများတွင် (၆)ဘာသာ ဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာ သာဂုဏ်ထူးရှင်(၉)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၂၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၆၀)ဦးနှင့် ရိုးရိုး အောင်မြင်သူ (၄၇၆)ဦးဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website မှ နံနက် (၄)နာရီအချိန်မှစ၍ထုတ်ပြန်ပေးလျက်ရှိရာ online မှကြည့်ရှုသူများ‌ပြားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)