မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးပွဲ ကျင်းပ

မအူပင် ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက် ကာလအတွင်း မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များရှိ စည်ပင်သာယာ ရေးအဖွဲ့၏ လုပ်ငန်း‌ဆောင်ရွက်ချက်များအား ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် ဆွေးနွေးပွဲအား ယမန်နေ့ မွန်းလွဲ ၁ နာရီက မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် အင်ဂျင်နီယာမှူး ဦးတင်မောင်စိုးတို့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြပြီး ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်နှင့် အင်ဂျင်နီယာမှူး ဒေါ်သီတာစိုးတို့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းလျာထားချက်များ အားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူများမှ မိမိတို့မြို့နယ်အတွင်းလုပ်ငန်း ဆာင်ရွက်ချက်များနှင့် လုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားဆွေးနွေးသည်။ ယင်းနောက် ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း မအူပင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် ဝန်ထမ်းများ၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးမြင့်‌အောင်နှင့် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)