ဆိပ်ဖြူမြို့နယ်တွင် မိုးကြိုစိုက်ပျိုးခဲ့သည့် ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ဆိပ်ဖြူ        ဇွန်     ၂၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ပဲတီစိမ်းကို မိုးကြိုကာလ ရေသွင်းစိုက်ပျိုးခဲ့သည့် ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းကြောင်းသိရသည်။

ဒေသခံတောင်သူများအနေဖြင့် မိုးကြို ပဲတီစိမ်းကို လယ်မြေနှင့် ကိုင်းစိုက်ပျိုးမြေတို့တွင် မြေအောက်ရေတင်စနစ်ဖြင့် ရေသွင်း၍ စတင်စိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး အောင်မြင်ဖြစ်ထွန်းကာ ပဲတီစိမ်းများခူးခွတ်ကောက်ယူလျက်ရှိကြောင်းသိရသည်။ ဒေသခံတောင်သူများအနေဖြင့် ပဲတီစိမ်းကို ဒေသနှင့်ကိုက်ညီပြီး အသီးအထွက်နှုန်းကောင်းမွန်သည့် ရေဆင်း(၁၄)၊ ရေဆင်း(၁၆) မျိုးများကို စိုက်ပျိုးခဲ့ကြောင်း၊ လက်ရှိ ဈေးကွက်၌ ပဲတီစိမ် တစ်တင်းလျှင် (၇၀၀၀၀)ကျပ်နှင့် (၈၀၀၀၀) ကျပ်ဝန်းကျင်တွင်ဈေးရှိနေပြီး ဆိပ်ဖြူနှင့်ချောက်မြို့ ဈေးကွက်သို့တင်ပို့ ရောင်းချကြ ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိုးသီးနှံပဲတီစိမ်းကို ဒေသ၏ မိုးရေချိန်ရရှိမှုအပေါ် ကုန်းစိုက်ခင်းများနှင့် ယာစိုက်ပျိုးမြေများတွင် ဆက်လက်စိုက်ပျိုး ဆောင်ရွက် နေကြောင်း ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၆ခုနှစ် မိုးပဲတီစိမ်း စိုက်ပျိုးမှု လျှာထားဧက (၂၀၆၆၅) ဧက စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ဒေသခံတောင်သူများအတွက် ပဲတီစိမ်းမျိုးကောင်း မျိုးသန့်များ ဖြန့်ချီပေးခြင်းနှင့်စိုက်ပျိုးရေး နည်းပညာကိုလည်းပေးလျက်ရှိကြောင်း၊ မိုးပဲတီစိမ်း စိုက်ပျိုး ပြီးဧက (၈၁၈၀)ဧကအား ဒေသခံတောင်သူများ စိုက်ပျိုးဆောင်ရွက်ရွက်ပြီးဖြစ်ကြောင်းနှင့် လျှာထားချက် ပြည့်မီစွာ စိုက်ပျိုးဆောင်ရွက်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဒေသခံတောင်သူများထံက ပြောကြားသိရှိရသည်။

ကိုဇွဲ(အညာမြေ)