ချင်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်း တက်ရောက်ချီးမြှင့်

ဟားခါး ဇွန် ၂၇

(၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းချမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ချင်းပြည်နယ်၊ တီးတိန်မြို့ ထောင်းဇခုပ်ခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောလင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်း က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းချမှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာအား ချင်းပြည်နယ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးမျိုးသန့်က ဖတ်ကြားပြီး တီးတိန်ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တာဆီး ကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး လှမြင့်က မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုပြသ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ က “မူးယစ်ဆေးထွက်သွားပါ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းချမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို ချင်းပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောလင်း ကလည်းကောင်း၊ အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲနှင့် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများကို အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းကလည်းကောင်း၊ အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး မျိုးသန့်ကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ရှောင်ဖယ်ဝေးဝေးမူးယစ်ဆေး” ခေါင်းစဉ်ဖြင့် တေးသရုပ်ဖော်တင်ဆက်ပြီးနောက် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို တီးတိန်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တာဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးကလည်း ကောင်း ၊ မူလတန်းအဆင့် ပိုစတာပြိုင်ပွဲနှင့် ခရိုင်အဆင့် နှစ်သိမ့်ဆုရရှိသူ ( ၂၄ ) ဦးကို တီးတိန်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တာဆီးကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ၊ ယာယီဒုတိယရဲမှူးကြီး လှမြင့်က ဆုများ ပေးအပ်ချီးမြှင့်ကြပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား ၊ ကျောင်းသူများက “မူးယစ်ဆေးဝေးဝေးရှောင်” ခေါင်းစဉ်ဖြင့် တေးသီချင်း သီဆိုဖျော်ဖြေကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ချင်းပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ပြသထားသည့် ဆုရပန်းချီ ၊ ကာတွန်းနှင့် စာမူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 ခရိုင် (ပြန်/ဆက်)