သာပေါင်း ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ လယ်တီကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းပွဲ ကျင်းပပြုလုပ်သည်။
ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးနိုင်မော်လွင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက် တို့က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးမျိုးမြင့်လွင်မှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုး ထည့်သွင်းခြင်းဖြင့် တစ်ဧက သစ်စိမ်းမြေဩဇာ (၉.၀၇)တန် (ယူရီးယား ၁၂၃.၇၁ Kg၊ တီစူပါ ၄၃.၃၀ Kg၊ ပိုတက် ၈၂.၉၀ (Kg) အကျိုးကျေးဇူး ရရှိလာမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထို့နောက် ဦးသက်စိုးမင်း က Rice Export zone အကြောင်းရှင်းလင်းပြောကြားကာ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာ၊ ကွင်းအမှတ်(၈၁၅)၊ ဦးပိုင်အမှတ်(၁၀/၂)၊ တောင်သူ ဦးသန်းထွန်းအောင်၏ လယ်မြေ(၅)ဧကတွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းနေမှုအား ကြည်ရှုအားပေးသည်။
သိန်းမြင့်မျိုးဦး သာပေါင်း (ပြန်/ဆက်)