ပန်းတနော် ဇွန် ၂၇
ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသော “ရှေးဦးသူနာပြုနှင့် အရေးပေါ်ကယ်ဆယ်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရွှေနော်သီရီခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီးနောက် ထီးထာကရင် လူငယ်ပရဟိတဖောင်ဒေးရှင်း နာယက ဆရာတော် မန်းနဲန္ဒာစာရ က အဖွင့်အမှာစကား မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော် က တက်ရောက်၍ အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပန်းတနော်မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ (ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ) မန်းဝင်းမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ MAN Social Assistance and Rescues ဥက္ကဋ္ဌ ဦးသူရကြူမှ အမှာစကား ပြောကြားသည်။ ယင်းနောက် ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်း ဥက္ကဋ္ဌ စအိုင်ထီးခမ့် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။
အစီအစဉ်အရ သင်တန်းတွင် ပို့ချမည့် သင်တန်းဆရာများနှင့် တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် သင်တန်းဖွင့်ပွဲ အခမ်းအနားပြီးဆုံးကြောင်း ကြေညာသည်။
အဆိုပါသင်တွင် သင်တန်းသားဦးရေ (၆၅) ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၆.၆.၂၀၂၆ မှ ၂၈.၆.၂၀၂၆ ထိ (၃) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)