ဓနုဖြူ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် လယ်ယာမြေဥပဒေနှင့်အညီ ရောင်း/ပေါင်/လဲ/ငှား/ပေးဆောင်ရွက်ခဲ့သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပြင်ဆင်ထုတ်ပေးသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အဖွင်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ မြေစာရင်းဦးစီးမှူး ဦးတင့်ဇော်အေးက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပြင်ဆင် ဦးတင့်ဇော်အေးမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပြင်ဆင် ထုတ်ပေးခြင်းလုပ်ငန်းစဉ် များအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြင်ဆင်ထုတ်ပေးသည့် လယ်ယာမြေဧရိယာ(၁၂၈.၃၁)ဧက၏ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များအား တောင်သူများသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)