ချင်းပြည်နယ်အစိုးရအဖွဲ့၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဇွန် ၂၇

၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့  ဥက္ကဋ္ဌထံမှပေးပို့သော သဝဏ်လွှာအား ပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊  ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မောင်မောင်အေးကဖတ်ကြားပြီးနောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယို ကိုပြသသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျင်းပသည့် အထက်တန်းအဆင့်ပန်းချီနှင့် ကာတွန်းပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု ဆုရရှိသူအား ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်က ဆုများပေးအပ်ချီးမြှင့်ပြီး အလယ်တန်းအဆင့်ကာတွန်းနှင့် ပိုစတာပြိုင်ပွဲတွင် ပထမဆုရရှိသူများအား  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံကလည်းကောင်း၊ အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲနှင့် မူလတန်းအဆင့်ကာတွန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများအား ပြည်နယ်စာရင်းစစ်ချုပ် ဦးမောင်မောင်ခင်ကလည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲနှင့်ပိုစတာပြိုင်ပွဲတွင်  ဒုတိယဆုရရှိသူများအား လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း၊ အထက်တန်းအဆင့်ကာတွန်းပြိုင်ပွဲနှင့် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် တတိယဆုရရှိသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်းကလည်းကောင်း၊ အလယ်တန်းအဆင့်ကာတွန်းပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲတွင် တတိယဆုရရှိသူများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးက လည်းကောင်း၊ အထက်တန်းအဆင့်ပန်းချီနှင့် ပိုစတာပြိုင်ပွဲတို့တွင် နှစ်သိမ့်ဆု−၁ ရရှိသူများနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် နှစ်သိမ့်ဆု−၁ ရရှိသူများအား စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးကလည်းကောင်း၊ မူလတန်းအဆင့်ကာတွန်းနှင့် ပိုစတာပြိုင်ပွဲတွင် နှစ်သိမ့်ဆု−၁ ရရှိသူများအား ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်းက လည်းကောင်း၊ အထက်တန်းအဆင့် ကာတွန်းနှင့်ပိုစတာပြိုင်ပွဲတွင် နှစ်သိမ့်ဆု−၂ ရရှိသူများနှင့် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် နှစ်သိမ့်ဆု−၂ရရှိသူများ၊ အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲနှင့်ပိုစတာပြိုင်ပွဲတွင်  နှစ်သိမ့်ဆု−၂ ရရှိသူများနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် နှစ်သိမ့်ဆု−၂ ဆုများအား ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မောင်မောင်အေးကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး သည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးပြခန်းအတွင်း ခင်းကျင်းပြသထားသော ဆုရရှိသည့်ကာတွန်း၊ ပိုစတာ၊ ပန်းချီများအား လှည့်လည်ကြည့်ရှုကြပြီး ယနေ့အခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုလည်း  ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင် ( ပြန်/ဆက် )