မအူပင် ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှကြီးမှူး၍ ပံတပွတ်ချောင်း သဘာရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားအား ယမန်နေ့နံနက်ပိုင်း ကကျင်းပပြုလုပ်သည်။
ဦးစွာ တလုပ်လှငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းနှင့် အောင်ဟိတ်ငါး လုပ်ငန်းစခန်း တာဝန်ခံ ဦးအောင်မြင့်မို့တို့၏ ကြီးကြပ်မှုဖြင့် ငါးလုပ်ငန်းစခန်းများရှိဝန်ထမ်းများမှ ပိုက်ဆွဲ၍ ငါးသားပေါက်များစုဆောင်းခြင်း၊ ငါးသားပေါက်များ အိတ်အတွင်းသို့ထည့်သွင်း၍ သယ်ယူခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးဝင်းဇော်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးဆန်းဝင်း၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးတို့မှ တက်ရောက်လာသူများအား ငါးသားပေါက် အိတ်များပေးအပ် ခဲ့ကြပြီး တက်ရောက်လာသူများနှင့် တာဝန်ရှိသူများမှ ပံတပွတ်ချောင်း သဘာဝရေပြင်အတွင်းသို့ စုပေါင်း၍ငါးမျိုး စိုက်ထည့်ခဲ့ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးဒုတိယရဲမှူးကြီးဝင်းဇော်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူးဦးဆန်းဝင်း၊ ခရိုင်လူဝင် မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နီစိုးနှင့် ခရိုင် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တလုပ်လှငါးလုပ်ငန်းစခန်းနှင့် အောင်ဟိတ်ငါး လုပ်ငန်းစခန်း တာဝန်ခံများနှင့်ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)