ရွှေဘို၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မှတ်ပုံတင်ထားသည့် အလုပ်သမား (၂၀၁၅) ဦးအား လူမှုဖူလှုံရေး ထောက်ပံငွေ ကျပ်သိန်း(၁)ထောင်ကျော် ပေးအပ်နိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် လူမှုဖူလုံရေးရုံးခွဲမှ သိရသည်။
၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အလုပ်သမား(၅)ဦးနှင့်အထက် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်ဌာနများ သည် သက်ဆိုင်ရာရုံး ခွဲများတွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်မှ(၂)ရာခိုင်နှုန်း၊ အလုပ်သမား မှ(၂)ရာခိုင်နှုန်း ကိုလည်ကောင်း၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်ရှင်မှ (၁)ရာခိုင်နှုန်းကို လည်ကောင်း လစဉ်ပေးသွင်း ရမည်ဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထိုသို့ လူမှုဖူလုံရေးအကျုံးဝင်သော အလုပ်ဌာန၊ အလုပ် သမားများအတွက် မကျန်းမာမှု၊ မီးဖွားမှု၊ နာရေးစရိတ်၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာ ရရှိမှု အကျိုးခံစားခွင့်များနှင့် ကိုဗစ်-၁၉ကာလအတွင်း လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု စသည့်အကျိုးခံစားခွင့် များအတွက် အကျုံးဝင် အလုပ်သမား (၂၀၁၅) ဦးအား ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် သိန်း ၁၀၄၀ နှင့် ၈ သောင်း ၃ ထောင်ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ရွှေဘိုမြို့နယ်လူမှုဖူလုံရေးရုံးခွဲမှ ဦးစီးအရာရှိ ဒေါ်စိုးသန္တာထွန်း ထံမှသိရသည်။
ရွှေဘိုမြို့နယ်တွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ယနေ့အချိန်ထိ မှတ်ပုံတင်ထားသော အလုပ်ဌာနပေါင်း (၃၃၄)ဌာန ရှိပြီး အကျုံးဝင် အလုပ်သမား(၃၈၃၄)ဦး ရှိကြောင်း မြို့နယ် ရွှေဘို လူမှုဖူလုံရေးရုံးကသိရှိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)