ဟင်္သာတ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထွန်ယက် ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀နာရီ က ဟင်္သာတမြို့နယ် ဓမ္ဘီကျေးရွာအုပ်စု ၊ ကွင်းအမှတ်(၁၃၀၃-က)ဦးပိုင်အမှတ်(၆၂/၂) တောင်သူဦးကျော်ကျော်ဆွေ၏ လယ်မြေ(၂)ဧကတွင် လက်တွေ့သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးခင်မောင်စန်းက ပိုက်ဆံလျှော် ထည့်သွင်းခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ ၊စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)