မြဝတီ ဇွန် ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရွှေဆိုင်၊ ဟိုတယ်/တည်းခို ခန်းလုပ်ငန်းများအပေါ် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာနှင့်စပ်လျဥ်း၍ လုပ်ငန်းရှင်များနှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွှဲ (၂)အချိန်က အမှတ်(၄)ရပ်ကွက်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှုးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြဝတီမြို့နယ်အခွန်အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်နိုင်ထွေးက အခွန်ကောက်ခံရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိဒေါ်မိကေဇင်ထွန်းမှ (ရွှေဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း) လုပ်ငန်းများနှင့်ပတ်သက်၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း ဆိုင်ရာကိစ္စရပ်များအား အသိပေးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည့် အချက်များနှင့်မရှင်းလင်းသည့်အချက်အလက်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည် ဖြည့်စွက်ရှင်းလင်းပေးပြီး ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)