မော်လိုက် ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်ပိုင်း က အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖြန့်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်တွင် ကျောင်းသား/ကျောင်းသူများ သိရှိလိုက်နာရန်အချက်များ၊ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုး၊ မူးယစ်ဆေးဝါးဆိုသည်မှာ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့် အချက်များ၊ ကမ္ဘာ့ပြဿနာ မူးယစ်ဆေးတစ် ကမ္ဘာလုံးကတိုက်ဖျက်ပေး၊ တန်ဖိုးရှိလှ လူငယ်ဘဝမူးယစ်ကင်းစင် ကျန်းမာမှ၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ မူးယစ်အန္တရာယ် ပြည့်ရန်စွယ်ကာကွယ် တိုက်ဖျက်လက်ချင်းဆက်စသည့်ဆောင်ပုဒ်များ၊ ကဗျာဆရာ မင်းသန်းနိုင်(မုဒုံ) ရေးသားသည့် “ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်” (ကဗျာ) နှင့် ကာတွန်းစသည်တို့ကို အရောင်အသွေးစုံလင်စွာဖြင့် ဝေဝေဆာဆာဖော်ပြထားသည့် လက်ကမ်းစာစောင်များကို ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက အ.မ.က-၂ ကျောင်းနှင့် ယနေ့နေ့လယ်ပိုင်းက အ.ထ.က ကျောင်းတို့တွင်ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ကိုထက်(ပြန်/ဆက်)