ပေါက် ဇန်နဝါရီ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန် ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဦးနောက် ကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာ၌ မြေသားရေကန် တူးဖော်ဆောင်ရွက်နေမှုအား ထီးလင်း မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့သို ကွင်းဆင်းစစ်ဆေးရာတွင် ထီးလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအေးထွန်းမင်းနှင့်အဖွဲ့သည် ထီးလင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မြောင်းကြီးကျေးရွာ မြေသားရေကန် တူးဖော်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေးနှင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၈.၀၀) သန်းဖြင့် အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေ၊ အမြင့် ၆ ပေရှိသည့် မြေသားရေလှောင်ကန်ကို Development Way ကုမ္ပဏီမှ ဒီဇင်ဘာ ၂၅ ရက်ကစတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ် ကြောင်း၊ အဆိုပါမြေသားရေလှောင်ကန် ရာနှုန်းပြည့်ပြီးစီးသွားပါက အိမ်ထောင်စု ၇၄ စုမှာ မှီတင်းနေထိုင်ကြသည့် လူဦးရေ ၃၈၀ ဦးနှင့် အိမ်မွေးတိရိစ္ဆာန်များအတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ထီးလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဉာဏ်တိုး(ပေါက်)