အခြေခံပညာအထက်တန်းကျောင်း ရွှေကျောင်း၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေး

ဇလွန်  ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ရွှေကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အခြေခံပညာအထက်တန်းကျောင်း ရွှေကျောင်း၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်​ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်ထွန်းအောင်တို့မှကြည့်ရှု့အားပေးခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)