ပခုက္ကူ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂ဝ၂၆ - ၂၀၂၇ ခု ဘဏ္ဍာရေးနှစ် အစိုးရသစ်ပထမရက် (၁ဝဝ) ကာလအတွင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် Quick Win လုပ်ငန်းများကို ဇွန်လ ၂၄ ရက် နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂ဝ၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် အစိုးရသစ် ပထမရက် (၁ဝဝ) ကာလအတွင်း Quick Win လုပ်ငန်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ပခုက္ကူမြို့ရှိ ဗိုလ်ချုပ်လမ်းကွန်ကရစ်ခင်းခြင်း၊ မြိုင်လမ်းလယ်တွင် Solar မီးသီးများ တပ်ဆင်ခြင်းနှင့် အဝေးပြေး ကားကြီးကွင်းဝန်းအတွင်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ မြို့နယ်စည်ပင်သာာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းအမျိုးအစားအလိုက် ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)