ကျိုက်လတ်မြို့နယ်၌ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေတိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ကျိုက်လတ် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မြို့နယ်များတွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ မြေတိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ရွေးချယ်ထားသည့် ရုံးဒေါင့် ကျေးရွာအုပ်စု မြေ ဧရိယာ ၃၀ ဒသမ ၈၂ ဧကရှိ မြေနေရာအား မြို့နယ်မြေစာရင်ဦးစီးဌာနမှ ဝန်ထမ်းများ၏ ကျေးရွာမြေတိုင်းတာမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) နှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးကျော်သူလင်း နယ်နိမိတ်ကြပ်မတ်ရေး အရာရှိ (Demarcation Officer) တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)