လပွတ္တာ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၉) အချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူ၊ ဆရာ၊ ဆရာမများအား အခမဲ့ ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ် စသည်ဖြင့် မူးယစ်ဆေးနှင့်ပတ်သက်၍ ဗဟုသုတရစရာများကို လူငယ်များ အသိပညာဗဟုသုတများရရှိ စေရန်ထည့်သွင်းဖော်ပြထားသည်။
လက်ကမ်းစာစောင်ထဲတွင် မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်း၊ ၂၀၂၅ ခုနှစ်က ဖမ်းစီးရရှိသောမူးယစ်ဆေးများအား မီးရှို့ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုးအကြောင်း၊ ကာတွန်း၊ “ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ကဗျာများပါဝင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)