မအူပင်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေး

မအူပင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ပညာဖြိုးဝေခန်းမ၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု များအား ခရိုင်ပညာရေးမှူး ဦးမြတ်မိုး၊ မအူပင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုး၊ မြို့နယ်ပညာရေးမှူး ဦးလျန်ထေနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးထင်အောင်ကျော်တို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)