ဘိုကလေး ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြေစာရင်းဦးစီးဌာနရုံးခန်းမတွင် မြို့နယ်မြေစာရင်းဦးစီးဌာနမှ နိုင်ငံတော်အစိုးရ၏ရက် (၁၀၀) စီမံချက်အရ ပြင်ဆင်ထုတ်ပေးသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ပေးအပ်ပွဲကျင်းပသည်။
ပုံစံ (၇) ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်မှ အမှာစကားပြောကြားခြင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ မြေစာရင်းဦးစီးမှူး ဦးညွန့်ထွေးက ပုံစံ (၇) ပြင်ဆင်ထုတ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများနှင့် အတူ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) များ အသီးသီး ပေးအပ်ခြင်းတို့ဆောင်ရွက်ကြကြောင်း၊ ပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်စု (၂၀) မှ တောင်သူ (၇၀) ဦး၊ စုစုပေါင်းအင်အား (၁၀၀) ခန့် တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)