ဓနုဖြူမြို့နယ်၌ ၂ဝ၂၆-၂ဝ၂၇ ခုနှစ်၊ မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော သွင်းအားစု ဓာတ်မြေဩဇာများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂ဝ၂၆-၂ဝ၂၇ ခုနှစ်၊ မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော သွင်းအားစုဓာတ်မြေဩဇာများပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အဆင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံစီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် သွင်းအားစု ဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ စည်ပွားကုမ္ပဏီမှ ဒေါ်နော်ခင်ခင်၊ ဆုရည်စံကုမ္ပဏီမှ ဦးသက်စိုးမင်းတို့က လုပ်ငန်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)