ပုသိမ် ဇွန် ၂၆
တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက် နေ့ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး၏ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ဘိုကလေးမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၏ အစည်းအဝေး ဒသမနေ့တွင် တင်သွင်း ခဲ့သည့် “ တစ်နှစ်ထက်တစ်နှစ် ရေသယံဇာတများ လျော့နည်းလာသည်ကို ငါးလုပ်ငန်းဦးစီးဌာနမှ ထိန်းသိမ်းရေးအတွက် လက်ရှိအခြေအနေထက် ရေသယံဇာတများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပိုမိုကောင်းမွန်သည့် အစီအမံများဖြင့် ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်း ကြောင်း” အဆိုကို ဆွေးနွေးရန်အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးက အဆိုကို လွှတ်တော်တွင် အတည်ပြုသင့်ပါကြောင်း ဆွေးနွေးခဲ့မှုအပေါ် အဆိုရှင်ကလည်း သဘောတူကြောင်း ဆွေးနွေးခဲ့ပြီး ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်က သဘောတူသဖြင့် ဘိုကလေးမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၏ အဆိုကို လွှတ်တော်က အတည်ပြု ကြောင်း ကြေညာခဲ့ကာ တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ရပ်နားလိုက်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)