ဓနုဖြူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြည်သူများ သိရှိစေရန် အသိပညာပေးခြင်း ဆောင်ရွက်

ဓနုဖြူ ဇန်နဝါရီ ၂၂

မအူပင်ခရိုင်၊​ ဓနုဖြူမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ်များအား ပြည်သူများသိရှိစေရန် အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အသံချဲ့စက်များဖြင့် ကြေညာခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာ​ပေး​ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေပါ လုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်သည့် ရပ်မိရပ်ဖ (၅)ဦး၏ အရည်အချင်း သတ်မှတ်ချက်များ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာ တာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့တွင် ပြည့်စုံရမည့် အရည်အချင်း သတ်မှတ်ချက်များ၊ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်း တာဝန်များ စသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်တို့ကို​ ပြည်သူများ သိရှိစေရန် အသိပညာပေး ဆောင်ရွက်​ခဲ့​ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)