အမာ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင်ရှေးဦးစွာ အမာနယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်မိုးကျော်လွင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အွန်လိုင်းဂိမ်းစွဲလန်းခြင်း ပြသနာများ၊ လိုက်နာရမည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအကြောင်း၊ သက်ငယ်မုဒိန်းနှင့် ပတ်သက်သည့်အ ကြောင်းများတို့ကို အသိပညာ ပေးဟောပြောခဲ့ပြီး အမာမြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဦးစီးမှူး ဦးအောင်နိုင်ကအမှိုက်အမျိုးအစားများအကြောင်း၊ အမှိုက်စွန့်ပစ်ခြင်းလုပ်ငန်းများအကြောင်း၊ ကျောင်းသားပြည်သူများ လိုက်နာရမည့် စည်းကမ်းများအကြောင်းတို့ကိုအသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ရှိန် မြှင့်တင်ရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအကြောင်း တို့ကို အသိပညာပေးဟော ပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းကကျေးဇူးတင်စကားနှင့် နိးဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမာမြို့၊ နယ်မြေခံ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်မိုးကျော်လွင်နှင့်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ (၁၅၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အမာ (ပြန်/ဆက်)