သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ် ကာကွယ် ကုသပေးလျက်ရှိ

သာပေါင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇွန်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ် ကာကွယ် ကုသပေးလျက်ရှိသည်။

ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ သာပေါင်းမြို့နယ်ဆေးရုံ NCD Clinic တွင် လာရောက်ပြသကြ‌သော သွေးတိုးရောဂါ (၄၆) ဦး၊ ဆီးချို‌ရောဂါ (၃၀) ဦး၊ နှလုံးရောဂါ (၁၀) ဦးနှင့် ပန်းနာရင်ကြပ်‌/နာတာရှည် အဆုတ်လေပြွန်ရောဂါ (၄) ဦးနှင့် လေဖြန်း‌ရောဂါ (၂) ဦးတို့အား  ပြည်သူ့ကျန်းမာ‌ရေးဌာနမှူးနှင့် လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးများအခမဲ့ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး ( ပြန်/ဆက်)