ကော့သောင်း ၊ ဇန်နဝါရီ ၂၂
ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖေါင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ ဓမ္ပစကူးကျောင်းသား ကျောင်းသူများအား zoom application သုံးစွဲကာ အွန်လိုင်းစနစ်ဖြင့် သင်ခန်းစာများပို့ချသင်ကြားပေးနိုင်ရေး application အသုံးပြုနည်းဆိုင်ရာနည်းလမ်းများအားမိတ်ဆက်သည့်အစီအစဉ်အား ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ နိဗ္ဗာန်အေးဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ရာ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖေါင်ဒေးရှင်း အကျိုးတော်ဆောင်ဆရာတော်သံဃာတော်များ၊ သင်တန်းနည်းပြများတက်ရောက်ကြသည်။
ကျောင်းသားကျောင်းသူကလေးငယ်များအား ဗုဒ္ဓဓမ္မစာပေများ တက်ရောက်သင်ကြား လိုသည့်စိတ်များ တိုးပွားလာရေး၊ ငယ်ရွယ်စဉ် ကလေးဘဝမှစကာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းများ အားတန်ဖိုးထား ထိန်းသိမ်းတတ်စေရေး၊ ကျောင်းသားကျောင်းသူများ ဘာသာသာသနာအား အစဉ်စောင့်ရှောက်ထိန်းသိမ်း လိုသည့်စိတ်များ ရင့်သန်ခိုင်မာလာရေး ရည်ရွယ်ဖွင့်လှစ်ပို့ချသင်ကြားလျှက်ရှိသည့် ဓမ္မစကူးဖေါင်ဒေးရှင်း သင်တန်းများအား ကိုဗစ်-၁၉ ထိန်းချုပ်မှုကာလတစ်လျောက် ယာယီပိတ်ထားရာမှ နည်းပညာအကူအညီဖြင့် သင်တန်းများပြန်လည်ဖွင့်လှစ်ပို့ချသင်ကြားပေးနိုင်ရေး သင်တန်းနည်းပြများအား ကျွမ်းကျင်ပညာရှင်များမှ zoom application အသုံးပြုကာ အွန်လိုင်းမှတဆင့် သင်တန်းသားကလေးငယ်များအား မိမိအိမ်တွင် နေထိုင်ရင်း သင်ကြားပို့ချမှုလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် zoom application သုံးစွဲချိတ်ဆက်မှု နည်းပညာများအား မိတ်ဆက်ရှင်းလင်းမျှဝေပေးခြင်းဖြစ်သည်။
` ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်ကာလတစ်လျှောက် ယာယီရပ်နားထားသည့် ဓမ္မစကူးဖေါင်ဒေးရှင်း သင်တန်းများကို (၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ လိမ္မာယာဉ်ကျေးသည့် အနာဂါတ်မျိုးဆက်များ ပေါ်ထွန်း လာရေး အခြေခံပညာကျောင်းများပိတ်ထားသည့်ကာလအတွင်း ကျောင်းသားကျောင်းသူကလေးငယ်များအား မိမိအိမ်မှာနေထိုင်ရင်း သင်တန်းနည်းပြများက မိမိတို့ရပ်ကွက်ရှိသင်တန်းသားများကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာများအသုံးပြုကာ zoom application ဖြင့် လာမည့် ဖေဖေါ်ဝါရီလတွင် ပြန်လည်ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)