သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများ အား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိ

သာပေါင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇွန်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်းအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။

ထိုသို့ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများအား မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ သာပေါင်းမြို့နယ်ဆေးရုံ NCD Clinic တွင်လာရောက်ပြသကြ‌သော သွေးတိုးရောဂါ (၄၆)ဦး၊ ဆီးချို‌ရောဂါ(၃၀)ဦး၊ နှလုံးရောဂါ(၁၀)ဦးနှင့် ပန်းနာရင်ကြပ်‌/နာတာရှည် အဆုတ်လေပြွန်ရောဂါ(၄)ဦးနှင့် လေဖြန်း‌ရောဂါ(၂)ဦးတို့အားပြည်သူ့ကျန်းမာ‌ရေးဌာနမှူးနှင့် လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးများအခမဲ့ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်