သာပေါင်းမြို့နယ်တွင် တောဆင် ဖျက်ဆီးမှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီး

သာပေါင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွက်ပြင် ကျေးရွာအုပ်စု၊ ဝက်သိုက်ကုန်း ကျေးရွာတွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်က တောဆင်ဖျက်ဆီးမှု ကြောင့် နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ရသည်။

ကွက်ပြင် ကျေးရွာအုပ်စု၊ ဝက်သိုက်ကုန်း ကျေးရွာနေ ဦးကြည်ဝင်းနှင့် အတူနေအသက်(၁၈) အထက် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)အောက် အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး ပေါင်း(၇)ဦးတို့ နေထိုင်ရာ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း (၁၅'×၁၅'×၁၅') နေအိမ်ပြိုကျပျက် စီးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု၊အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းနေအိမ်တို့တွင် နေထိုင်သူများအား နီးစပ်ရာဆွေမျိုးများထံတွင် ပြောင်းရွေ့နေထိုင်နိုင်ရေး သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်