ကျိုက်လတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုက်လတ် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၌ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖြန့်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်တွင် မူးယစ်ဆေးဝါးအုပ်စု (၅) မျိုး၊ မူးယစ်ဆေးဝါးဆိုသည်မှာ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့် အချက်များ၊ ကမ္ဘာ့ပြဿနာ မူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊ တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင် ကျန်းမာမှ၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်စသည့်ဆောင်ပုဒ်များ၊ ကဗျာဆရာ မင်းသန်းနိုင်(မုဒုံ) ရေးသားသည့် “ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်” (ကဗျာ) နှင့် ကာတွန်းစသည်တို့ကို အရောင်အသွေး စုံလင်စွာဖြင့် ဝေဝေဆာဆာဖော်ပြထားကြောင်းသိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)