ဓနုဖြူ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂ဝ၂၆ -၂ဝ၂၇ ခုနှစ် မိုးစပါးရာသီ Rice Export Zone (REZ) စနစ်ဖြင့် စိုက်ပျိုးစရိတ်ပံ့ပိုးငွေပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့က ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်မှ Rice Export Zone နှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက်၏ အထွေထွေမန်နေဂျာ ဦးဘိုနီအုန်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများက Rice Export Zone ဆောင်ရွက်သည့် တောင်သူများအားသွင်းအားစုဓါတ်မြေဩဇာများ၊ စိုက်ပျိုးစရိတ်ပံ့ပိုးငွေများ၊ မျိုးစပါးများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)