ညောင်တုန်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်တောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မိုးဟုတ်ကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြိုနယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က တောင်သူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးပုံငွေဖြင့် ပေးအပ်သည့် သွင်းအားစုများကို သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် စနစ်တကျအသုံးပြု၍ အောင်မြင်စွာဆောင်ရွက်သွားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးအောင်သော်မြင့်က စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် ဓာတ်မြေဩဇာစနစ်တကျ အသုံးပြုနိုင်ရေး အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းပြောကြား၍ အောင်ကမ္ဘာဆုထရေးဒင်း ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးထက်အောင်က ဝောာင်သူများအတွက်ပံ့ပိုးပေးမည့်အကြောင်းအရာများနှင့် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်တောင်သူများထံသို့ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)