သရက်ချောင်း ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ကဏ္ဍတိုးတက်မြှင့်မားလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးကျန်းမာသန်စွမ်းတဲ့ အနာဂတ် မျိုးဆက်သစ်များပေါ်ထွက်လာစေရန်၊ မြို့နယ်အားကစားအဆင့်အတန်း မြင့်မားလာစေရေး အထောက်အကူဖြစ်စေရန်၊ အားကစားကဏ္ဍကို စိတ်ပါဝင်စားလာစေရန်၊ မိမိကျောင်း၊ မြို့နယ်ဂုဏ်၊ နိုင်ငံဂုဏ်ဆောင်ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အမျိုးသမီးအခြေခံဘောလုံးသင်တန်းကို ဇွန်လ ၂၄ရက်နေ့ ညနေပိုင်းမှစ၍ သရက်ချောင်းမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးနှင့် နည်းပြများက သင်တန်းသူများအား ဘော်လုံးကစားရာတွင် အခြေခံကျသည့် နည်းစနစ်များ၊ သွေးပူပြုလုပ်သည့်နည်းများ၊ အကြောလျော့နည်းများကို စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း အဆိုပါသင်တန်းတက်ရောက်ရန် စိတ်ဝင်စားသည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အမျိုးသမီးများအနေဖြင့် လာရောက်တက်ရောက်နိုင်ကြောင်း
သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)