ဘိုကလေး ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇွန် ၂၄ ရက် နံနက် (၁၁) နာရီ အချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းသား/သူများအား (၂၀၂၆) ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး အုပ်စုများ၊ မူးယစ်ဆေးဝါးနှင့် စပ်လျဉ်း၍ ကျောင်းသား/သူများ သိရှိလိုက်နာရမည့်အချက်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်နိုင်ရေးအတွက် ရေးဖွဲ့ထားသော ကဗျာ၊ ဆောင်းပါး၊ ဆောင်ပုဒ်၊ ဓာတ်ပုံ၊ ကာတွန်းများ ထည့်သွင်းအသိပညာပေးထားကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)