ပေါင်းတည်မြို့မဈေးတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေး

ပေါင်းတည် ဇန်နဝါရီ ၂၂

ပေါင်းတည်မြို့ စည်ပင်သာယာ မြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင် ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက စစ်ဆေး သည်။

ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူ‌ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြား ဘာသာ တစ်ခုထက်ပို၍ ဖြစ်စေ ဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်အညွှန်း အမှတ်အသားများဖြစ်သော ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံး ရက်စွဲ၊ FDA ထောက်ခံ ချက်အမှတ်အသားနှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ ပါရှိခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးပြီး ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန် (ပြန်/ဆက်)