ရေနံချောင်း ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အတွက် အသက်(၈၅)နှစ် နှင့်အထက် အဘိုးဘွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမြတ်နှင့် တာဝန်ရှိသူများက အိုးဘိုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက် အတွင်းရှိ အဘိုးဘွားများအား တစ်ဦးလျှင် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်ကို အိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အဘိုးဘွားများအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများက ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုမှ အသက် ၈၅ နှစ် နှင့်အထက် အဘိုးဘွား(၉၁၇)ဦးအား (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)သုံးလအတွက် တစ်ဦးလျှင် လူမှုရေးပင် စင်ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၇၅၁၀၀၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး