ဘားအံ ဇွန် ၂၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီး မြှင့်ပွဲကို ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ ရိုးရာလက်ဝှေ့ကလပ် ၂၀ မှ ပြိုင်ပွဲဝင်လက်ဝှေ့အားကစားသမား အမျိုးသား/အမျိုးသမီး ၆၆ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်ကီလိုတန်းအလိုက် ဗိုလ်လုပွဲစဉ်များကိုကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လက်ဝှေ့ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီး များက သတ်မှတ်ကီလိုတန်းအလိုက် အမျိုးသမီးတွဲဆိုင်းနှင့်အမျိုးသားတွဲဆိုင်းများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသား(၆၇)ကီလိုတန်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည့် ကညောခွါး(ဘိလပ်မြေစက်ရုံ)နှင့် အောင်သန်းဇော်(အဲကညော)တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ ဒိုင်အဖွဲ့များ၊ လက်ဝှေ့ကလပ်များမှ အုပ်ချုပ်သူ၊နည်းပြများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားများ ပြောကြားသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)