ဟားခါး ဇွန် ၂၃
၂၀၂၆ ခုနှစ်အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ စာကြည့်တိုက်ခန်းမ၌ကျင်းပရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲတို့တွင် ပထမဆုရရှိသူများအား ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးက ဆုများပေးအပ်ချီးမြှင့်ပြီး ဒုတိယဆုရရှိသူများအား ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကျော်ဦးကလည်းကောင်း၊ တတိယဆုရရှိသူများအား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဂိုဇာခုပ်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ်အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင် စစ်တုရင်ပြိုင်ပွဲများကို ဇွန် ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြိုင်ပွဲများ အသီးသီးကျင်းပပေးခဲ့ပြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ (၃၀) ဦး၊ စစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ (၂၄) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)