နတ်တလင်း ဇွန် ၂၃
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ဌေးမှ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ တောအုပ်ကြီး ဦးသန့်ဇော်မှ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ကြကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေရာ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်တွင် ထားရှိရန်အတွက် အ.ထ.က(နတ်တလင်း) ကျောင်းအုပ်ဆရာမကြီးထံ သစ်တောကြေးမုံစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)