ပွင့်ဖြူမြို့၌ မြို့ပြသန့်ရှင်းသာယာလှပစရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေရန် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေရန်အတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် Box Culvert တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဇွန်လ ၂၁ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် အင်ဂျင်နီယာဝန်ထမ်းများက  မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေရန်အတွက် ပွင့်ဖြူမြို့တွင်း စကားဝါလမ်းနှင့် ဆေးရုံလမ်းကြားတွင် အရှည် ၂၂ ပေ၊ အကျယ် ၆ ပေ၊ အနက် ၄ ပေ ကိုးလက်မရှိ Box Culvert တံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီ တည်ဆောက်ပြီးစီးရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ Box Culvert တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၈ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရကာ ယင်း Box Culvert တံတား တည်ဆောက်ပြီးစီးပါက မြို့ပေါ်ရပ်ကွက်နေပြည်သူများအတွက် သွားလာရေး အဆင်ပြေစေမည့်အပြင် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် မိုးတွင်းကာလ ရေကြီးရေလျှံမှုအန္တရာယ်မှ ကင်းဝေးစေမည် ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )