ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဆိုင်ရာ (ဒုတိယအကြိမ်ပြင်ဆင်သည့်)နည်းဥပဒေ၊ ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက် နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးရွေးချယ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ဟိုင်းကြီးကျွန်းမြို့ အမှတ် ၁ ရပ်ကွက်၊ မဟာကံထူးအံ့သာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ရှိပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ထွန်းက ကြီးကြပ်ရေးအဖွဲ့ဝင်များတွင်ရှိရမည့် အရည်အချင်းများ၊ တာဝန်များနှင့်ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြင်ဆင်ချက်များနှင့် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်ခန့်ထားရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်း ကိုဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူများ၏ ဆန္ဒပြုရွေးချယ်မှုဖြင့် ကြီးကြပ်ရေး အဖွဲ့ရွေးချယ်ခြင်းလုပ်ငန်း ကိုဆောင်ရွက်ခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့ဝင် (၅) ဦးကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။ ဟိုင်းကြီးကျွန်းမြို့တွင် မြို့ပေါ်ရပ်ကွက် (၃)ခုနှင့်ကျေးရွာအုပ်စု (၂၂)စုရှိရာ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေး လုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်ပြီး ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (၃) ဖွဲ့ဖြင့် ရပ်ကွက်ကျေးရွာအလိုက် စနစ်တကျဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
လှိုင်မျိုးအောင်(ပြန်ဆက်)