ကျိုက်ဒုံမြို့တွင် သဘာဝမြေဆွေးပုံ အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ လက်တွေ့ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲ

ကျိုက်ဒုံ ဇန်နဝါရီ ၂၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ လယ်​တောကြီးကျေးရွာ တောင်သူဒေါ်အေးတင့်အိမ်ခြံဝင်း၌ ယမန်​နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်လှမြင့်နှင့် စိုက်ပျိုးရေးဝန်ထမ်းများမှ သဘာဝမြေဆွေးပုံ အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ လက်တွေ့ ပြုလုပ်သုံးစွဲနည်းပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့စိုက်ပျိုးရေးဦးစီးမှူးမှ ကျေးရွာနေတောင်သူများအားယနေ့ခေတ်တွင် ဓာတု ဓာတ်မြေသြဇာများကိုတွင် ကျယ်စွာအသုံး ပြုလာကြသည်။ ဓာတုဓာတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများ​ကြောင့် မြေဆီလွှာ ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထိုကြောင့်လယ်ယာ​မြေ၊ စိုက်ခင်းများမြေဆီလွှာ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ရည်ရွယ်ပြီး လယ်ယာစွန့်ပစ် ပစ္စည်းဖြစ်သည့် နှမ်းရိုး၊နွားချေး၊အီးအမ်ဖျော်ရည်၊ ဖျော်စပ်သုံးစွဲနည်း၊ဖွဲနု၊ တင်လဲရည်စသည့် ပစ္စည်းများ အသုံးပြု၍ သဘာဝမြေဆွေးပုံအီးအမ်ဘိုကာရှီ၊ စူပါဘိုကာရှီလက်တွေ့ပြုလုပ် ပြသဆောင်ရွက်ပေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)