ပန်းတောင်းမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ ခန့်ထားနိုင်ရေး အစည်းအဝေး ပြုလုပ်

ပန်းတောင်း ဇန်နဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် အုပ်ချုပ်ရေးမှူးအသစ်များ၊ ရွေးချယ်ခန့်ထားနိုင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုမြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက ရပ်ကွက်/ ကျေးရွာ  အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် များဖြစ်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်ခံ  ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အချက်အလက် ဥပဒေများ၊ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်နည်းဥပဒေများ၊ ဆယ်အိမ်စု၊ ရာအိမ်စု ဖွဲ့စည်းခြင်း နည်းဥပဒေ များကို ရှင်းလင်းပြောကြားပြီး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ တာဝန်ခံများရွေးချယ်မည့်လုပ်ငန်း အဆင့်ဆင့် နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာ သော ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ မြို့နယ် အုပ်ချုပ်ရေး မှူးနှင့် မြို့နယ်လ.ဝ.က ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးပေးခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော အဖွဲ့ (၇)ဖွဲ့အနက် အဖွဲ့ (၁)၊ အဖွဲ့(၂)၊ အဖွဲ့ (၄) တို့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၃၀)ခန့် ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သင်းသင်းအေး(ပြန်/ဆက်)