ချောင်းဦး ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အမြင့်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ ကွင်းတာဝန်ခံဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ညောင်ပင်သာ ကျေးရွာအုပ်စု အတွင်းရှိ GAPစနစ်ဖြင့် အစေ့ထုတ်ပြောင်း ဧက(၂၀)စိုက်ခင်းများသို့ ကွင်းဆင်းပြီး ဖော့ငမြှောင် တောင်ပိုး ကာကွယ်နိမ်နင်း နည်းများကို ဒေသခံတောင်သူများ သိရှိနိုင်ကြစေရန် နည်းပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ဆူးလေကုန်းအုပ်စု၊ တောင်အင်းကျေးရွာရှိ အစေ့ထုတ်ပြောင်းစိုက် တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ခင်းများ ဓာတုဆေးများ မဖြစ်မနေ သုံးစွဲရမည်ဆိုပါက အညွန်းစာ သေချာဖတ်၍ သုံးစွဲကြရန်၊ ဓာတုဆေး အလွန်အကျွံ သုံးစွဲမှုကိုလျော့ချ၍ သဘာဝပိုးသတ်ဆေး၊ သဘာဝအားဆေးရည်များ ပြုလုပ်သုံးစွဲနိုင်စေရန် နည်းပညာပေး ဆွေးနွေးပေးပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဆူးလေကုန်းအုပ်စု ကွင်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးကျော်သူရထွန်းက ရှင်းလင်းဆွေးနွေးခဲ့သည်။
ညောင်ပင်သာအုပ်စု၊ ဘုံတိုကျေးရွာ တောင်သူများ၏ အစေ့ထုတ်ပြောင်းစိုက်ခင်းများအား ဖော့ငမြှောင်တောင်ပိုး ကာကွယ်နိမ်နှင်းနည်းများ၊ ပိုးမွှားရောဂါ ကင်းထောက်နည်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ် နှိမ်နှင်းနည်းများ အသုံးပြုနိုင်ရန်အတွက် ညောင်ပင်သာအုပ်စု၊ ချောင်းမနားအုပ်စု ကွင်းတာဝန်ခံ ဒုတိယလက်ထောက်ဦးစီးမှူး ဦးအောင်ကျော်သူ မှပညာပေးဆွေးနွေးခဲ့သည်။
ဝင်းမြင့်အောင် (ပြန်ဆက်)