တနင်္သာရီ ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာအုပ်စု-သာရဘွင်ကျေးရွာအတွင်း မီးဘေး အန္တရာယ် မဖြစ်ပွါးရေး၊ မီးဘေးအန္တရာယ်ကြောင့် မိဘပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်များမပျက်စီး မဆုံးစေရေးအတွက် တကူကျေးရွာအုပ်စု၊ တကူနယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးဖြိုးဝေဝင်းမှဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ၂၀ ရက်နေ့ ညနာရီအချိန်မှ စ၍ မီးသတိ/ မီး အသိရှိကြစေရန် မီးသတ် မော်တော်ယာဉ်နှင့်အသံချဲ့စက်ဖြင့် ရွာတွင်းလမ်းများအတိုင်း အသိပေး လှုံ့ဆော်ပေးကြောင်း သိရှိရသည်။
ယင်းသို့အသိပေးလှုံ့ဆော်ပေးရာမှာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၏ လမ်းညွှန်မှုအရ မီးသုံးစွဲသူပြည်သူများအနေဖြင့် မီးလောင်မှုမဖြစ်ပွါးစေရေးအတွက် ထမင်း/ဟင်း ချက်ပြုတ်ပြီးပါက လျှပ်စစ်မီး၊ မီးဖိုမီးကိုစနစ်တကျပိတ်သိမ်းရန် ဖယောင်းတိုင်မီးနှင့် ခြင်ဆေးခွေမီးကိုလည်း အသေအချာငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ အရေးပေါ်အသုံးပြုရန် မီးချိတ်မီးကတ်များကို ကြိုတင်ပြုလုပ်ထားကြပါရန်၊ တစ်နေ့တာ မီးသုံစွဲ ရန် သတ်မှတ်ထားသောအချိန်ကာလအတွင်းသာ လိုက်နာအသုံးပြုကြပါရန် ၊ အရေးပေါ်ဘေးအန္တရာယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက တကူနယ်မြေမီးသတ်စခန်းသို့(09 420568886/ 09 784722866)သို့ ချက်ခြင်း ဆက်သွယ်အကြောင်းကြားပေးပါရန် အသိပေးလှုံ့ဆော်ပေးကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)