ရွှေကျင် ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်း စားပွဲတင်တင်းနစ် ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပန်းဘဲတန်း ရပ်ကွက်အတွင်းရှိ အကယ်ဒမီစားပွဲတင် တင်းနစ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ စားပွဲတင်တင်းနစ်ဗိုလ်လုပွဲတွင် တစ်ဦးချင်းပြိုင်ပွဲ (၁၆) သင်း၊ နှစ်ယောက်တွဲပြိုင်ပွဲ (၈)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ယနေ့တွင် ဗိုလ်လုပွဲကို တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ထို့နောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုများ ရရှိခဲ့ကြသည့် တစ်ဦးချင်းပြိုင်ပွဲဝင်များနှင့် နှစ်ယောက်တွဲပြိုင်ပွဲဝင်များကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)