ဇလွန် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂)နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသက်(၂၂)နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီး စစ်ကြောင်းမှူးမှဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား အလေးပြုတန်းအပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ရွတ်ဆို၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် ဧည့်သည်တော်များက အားကစားသမားများအား ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်ခြင်းများ ဆောင်ရွက်ပြီး အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ အားကစားအတွင်းမှ ပြန်လည်ထွက်ခွာ၍ အ.ထ.က(၂)ကျောင်းသူလေးများက ပန်းမွှားအကဖြင့် သရုပ်ပြ ကပြ၍ အသက်(၂၂)နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး (၂၀.၆.၂၀၂၆)ရက်နေ့မှ (၁၃.၇.၂၀၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ဇလွန် ပြန်/ဆက်)