ညောင်ရွှေမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ညောင်ရွှေ ဇွန် ၂၁

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲကို နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်ဖို့ မြန်မာအမျိုးသမီးများကြိုးစားစို့ ခေါင်းစဉ်ဖြင့် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မွန်ဦးနှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့်ကျောင်းသူ ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)