ရေတာရှည်မြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလာပါက ရေပြင်အသက်ကယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ရေတာရှည် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အလျှင်အမြန် တုံ့ပြန်ဆက်နိုင်ရေးအတွက် ရေပြင်အသက်ကယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က ရေတာရှည်မြို့ အမှတ် ၁ ရပ်ကွက်၊ မင်္ဂလာကန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုတွင် ရေတာရှည်မြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ myanmar rescue အဖွဲ့များမှ ရေကြီးရေလျှံမှုဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အလျင်အမြန် တုံ့ပြန်ဆက်နိုင်ရေးအတွက် ရေပြင်အသက်ကယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများအား မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၈၅) ဦးက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)